ခရမ်းသီး စိုက်ပျိုးနည်း

       ပျိုးထောင်ခြင်း။ ။ ကောင်းစွဆွေးမြေသောချေးများ၊ သစ်ရွက်စိမ်းမြေသြဇာများအသုံးပြု၍ (၃)ပေအကျယ်၊ (၃၀)ပေအရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နေပါသည်။ မျိုးစေ့များကိုတစ်တန်းနဲ့တစ်တန်း (၄)လက်မခန့်ခြား၍ ပျိုးရပါမည်။ အပင်များကြပ်မနေစေရန်လိုသောပျိုးပင်များ ခုတ်ပစ်ရမည်။ တစ်ဧကမှာ မျိုးစေ့ (၃၀၀)ဂရမ်းနှုန်းဖြင့် ပျိုးနိုင်ပါသည်။
           မြေပြပြင်ခြင်း။ ။ ပျိုးထောင်ချိန်တွင် စိုက်ခင်းကိုမြေပြပြင်ထားရပာမည်။ ထယ်(၃)စပ်မှ (၄)စပ်တိုး၍ ထွန်ရေးညက်သည်အထိထွန်းပေးရပါမည်။ မျိုးကိုလိုက်၍ ပင်ကြားတန်းကြားအကွာအဝေး ကွာခြားတတ်သောလည်း  အများအားဖြင့် တန်းကြား (၃)ပေမှ (၄)ပေ၊ ပင်ကြား(၂)ပေမှ(၃)ပေထား၍ ရွှေ့ပြောင်းစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။

              စိုက်ပျိုးခြင်း။ ။  ပျိုးခင်းများအရွတ်(၅)ရွက်ရရှိလျှင် စိုက်ခင်းသို့ရွှေ့စိုက်နိုင်သည်။ သတ်မှတ်ထားသော တန်းကြား၊ပင်ကြားဆုံရာခင်းများတွင် ညနေခင်းပျိုးထောင်မှ ပျိုးပင်များကိုနှုတ်ယူ၍ အမြစ်ဖြောက်တန်းအောင် ချစိုက်ရပါမည်။ စိုက်ချိန်တွင် အစိုဓာတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်သောရာသီတွင်ဖြစ်၍အပင်များ နေပေးဒဏ်မှကာကွယ်နိုင်ရန် သစ်ပင်သစ်ကိုင်းများစိုက်ပျိုးပေးရမည်။ ပျိုးပင်များကောင်းမွန်စွာ အမြစ်စွဲလျှင် အရိတ်များဖယ်ပေးနိုင်ပါသည်။
           မြေသြဇာနှုန်းထားများ။ ။ နွားချေး (၁၀)တန်၊ ယူးရီးယား (၅၀)ကီလို(၂)အိတ်၊ ပိုတက်ရှ် (၅၀)ကီလို(၂)အိတ်၊ မြေပြပင်ဆင်တွင် ယိုးရီးယား(၅၀)ကီလို(၁)အိတ်၊ စိုက်ပြီး တစ်လနှင်နှစ်လအကြားတွင် ယိုးရီးယား(၅၀)ကီလိုကို ထပ်မံထည့်သွင်းပေးရမည်။ အားလုံးအောင်မြင်ကြပါစေ။

Crd ဘဝခါးခါး တောင်သူBy......Daniel khualsim.

Popular posts from this blog

အုန်းပင်စိုက်ပျိုးနည်း