ဒေါနပန်း စိုက်​ပျိုးနည်း


~ အင်္ဂလိပ်အမည် - Absinthe
~ ရုက္ခဗေဒအမည် -  Artemisia vulgaris
~ မျိုးရင်း             -  Composita

~ စိုက်ပျိုးနည်း
-------------------

- ဒေါနပန်းဆိုသော်လည်း ပန်းကိုရောင်းချခြင်း မဟုတ်ဘဲ ၊ အပင်အရွက် ကို ရောင်းချရန် (ပန်းအနေဖြင့် ရောင်းချရန်) စိုက်ပျိုးခြင်း ဖြစ်သည် ...

- ဒေါနပန်း စိုက်ပျိုးရန်အတွက်မူ အပင်ကိုပန်းပွင့်စေပြီး ၊ အစေ့တည်စေပြီး မှအစေ့ရယူစိုက်ပျိုးနိုင်သည် ... ဒေါနမျိုးစေ့တို့သည် အလွန်သေးငယ်  သောကြောင့်  ဂရုတစိုက် ပျိုးထောင်ပြီးမှ စိုက်နိုင်သည် ...

- ဒေါနပန်း မျိုးစေ့သည် သေးငယ်လွန်းခြင်းနှင့် ပုရွက်ဆိတ် ကြိုက်ခြင်းကြောင့် မြေကြီးပေါ်တွင် ပျိ့်းမ​​ထောင်သင့်​​ ၊ ပျိုးစင်ကို နှစ်ပေခွဲမျှ အမြင့် ထား၍   ပျိုးစင်ပေါ်တွင် ပျိုးသတ္တာနှင့် ပျိုးထောင်သင့်သည် ...

- ပျိုးစင်ပေါ်သို့ ပုရွက်ဆိတ်များ တက်မလာစေရန် စင်တိုင်များကို ရေနံချေးသုတ်ထားခြင်း ၊ ရေနံချေး ဆွတ်ထားသော အ၀တ်ပတ်ပေးခြင်း ပြုလုပ်သင့်သည် ...

- ပျိုးသေတ္တာတွင် ပျိုးမြေအရောကို ထည့်ပြီးသော် ဒေါနမျိုးစေ့ နို့ဆီဘူး တစ်လုံးလျှင် သဲကြမ်း နှစ်ပြည်နှုန်းဖြင့် တွက်ချက်၍ ရောပြီး သမအောင် အသာအယာ မွှေကာ ပျိုးသေတ္တာပေါ်တွင် ညီညီညာညာ ဖြူးပေးရသည် ...

- ထို့ကြောင့် သဲကြမ်းပါးပါးတစ်လွှာ ဖြူးပေးကာ အပေါက်ကျဉ်းသော ရေပန်းကရားငယ်ကို အသုံးပြု၍ ရေလောင်းပေးရသည် ...

- ဒေါနပန်းမျိုးစေ့များ အပင်ပေါက်သောအခါ နေ့လယ်နေ မမိစေရန် ပြုလုပ်ပေးရသည် ... အပင်ပေါက်သည် မှ တစ်ပတ်အတွင်း မြေအစိုဓာတ် ရှိနေက ရေမလောင်းမိစေရန် အထူး အရေးကြီးသည် ...

- မြေခြောက်သွေ့လွန်းလျှင် ပိုးသတ်ဆေးဖျန်း ကိရိယာကို အသုံးပြု၍ အပင်နှင့် ခက်ခွာခွာမှနေ၍ မြေစွတ်စိုရုံ ဖျန်းပေးရသည် ...

- နောက်ပိုင်းတွင် မူ မြေအခြေအနေကို ကြည့်၍ အပင်သန်စွမ်းမှု အခြေအနေကို ကြည့်၍ အပေါက်ကျဉ်းသော ရေပန်းကရားဖြင့် မြေစိုရုံဖျန်းပေးနိုင်သည် ...

- ပျိုးပင်ကလေးများ တစ်လသားရှိသောအခါ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည် ... ဒေါနပျိုးပင်များ ရွှေ့စိုက်နိုင်အောင် စိုက်ခင်းမြေကို ပြုပြင်ထားပြီး ၊ အလျားပေ သုံးဆယ် ၊ အနံ ငါးပေ ၊ အမြင့် သုံးလေး လက်မခန့် ရှိသော စိုက်ဘောင်များ ဖော်ထားရသည် ... ပျိုးပင်များနုတ်ယူရတွင် ရေလောင်းပြီး မှ နုတ်လျှင် နုတ်ရလွယ်သည် ....

-ို စိုက်ဘောင်တွင် တစ်ပင်နှင့် တစ်ပင် နှစ်လက်မခွဲ ၊ သုံးလက်မခန့်ခြား၍ စိုက်ပျိုးနိုင်သည် ...အမြစ်မခွေအောင်၊အမြစ်မနာအောင်မစိုက်မီစိုက်ကျင်းအရာများကို တုတ်ချွန်နှင့် ကော်၍ ပေးထားပြီးမှ စိုက်ပျိုးသင့်သည် ... စိုက်ပြီးလျှင် ရေပန်းကရားဖြင့် ရေရွှဲရွှဲလောင်းပေးရသည် ...

- ပျိုးပင်များအမြစ်ကောင်းစွာ မတွယ်မီ ရေကို ချင့်ချိန်လောင်းရန်လည်းလို အပ်လာပြန်သည် ... ပျိုးပင်များအမြစ်စိုလာပြီး နောက်ပိုင်းတွင် ညနေပိုင်း ၌ ရေလောင်းပေးရသည် ...

- အပင်များ သုံးလက်မ သုံးလက်မခွဲရှိလာသောအခါ နွားချေး၊ မြေဆွေး မှုန့်ဖြူးပေးပြီး မြေနှင့် သမအောင် ဆွပေးရသည် ...

- ပေါက်လာသော ပေါင်းပင်များကို နွားချေးမထည့်မီ တစ်ကြိမ်၊ ထည့်ပြီးတစ်ကြိမ် လက်ပေါင်း လိုက်ပေးရသည် ... ဒေါနပန်းကို စိုက်ပြီးလေးဆယ့်ငါးရက် အကြာတွင် အပင်ကို နုတ်၍ ရောင်းချနိုင်သည် ...

~ မျိုးယူခြင်း
------------------

- ဒေါနပန်းသည် အအေးဒဏ်ကိုကြောက်သော်လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည် ... အဆက်မပြတ် နုတ်ယူရောင်းချရန် နှစ်ပတ်တစ်ကြိမ် ပျိုးထောင်ရ​သည် ...

- ပျိုးထောင်ရန် မျိုးစေ့ လိုအပ်ရာ မျိုးစေ့ဈေးသည် ကြီးသောကြောင့် မျိုးစေ့ယူရန် သီးသန့်စိုက်ဘောင်များ ထားရှိရသည် ... ထိုဘောင်မှ ပန်းပွင့်စေကာ အစေ့တည်ပြီး အစေ့ရင့်သောအခါ မျိုးစေ့များရယူနိုင်သည် ...

# Crd
#​စေတနာ​မေတ္တာများစွာဖြင့်

Popular posts from this blog

အုန်းပင်စိုက်ပျိုးနည်း