ကျောက်သစ်ခွ စိုက်ပျိုးနည်း
- တကယ်တော့ ကျောက်သစ်ခွက အသက်ပြင်းပြီးဒေသမျိုးတွေထဲမှာ အပွင့်အကြီးဆုံး အလှဆုံးမျိုးလေး ဖြစ်ပါတယ် ...
- ကျောက်သစ်ခွကိုမြေစိုက်ထင်နေကြတယ် ... တကယ်တော့ မြေစိုက်မဟုတ်ပါဘူး ... ကျောက်သစ်ခွကစမ်းချောင်းလေးတွေဘေးမှာ ကျောက်ဆာင်ပေါ်တွေမှာ ပေါက်ရောက်နေတတ်ပါတယ် ... ရေတအားကြိုက်ပါတယ် ...
- မြေကြီးနဲ့စိုက်ရင်တော့ စိုက်ခါစမှာရှင်သလိုနဲ့ တပတ်နှစ်ပတ်အကြာမှာ အပင်ခြေဟာရိပြီးမဲကာ ပုပ်ပြီးသေတတ်ပါတယ် ...
- အုံးစံဖတ်နဲ့ မီးသွေးအကြေနဲ့ စိုက်ပေးပါ ... အပင်ပွားမျိုးဖြစ်လို့ ခြင်းကြီးထဲမှာ ထဲ့စိုက်ပေးရင် ပိုကောင်းပါတယ် ...
- အပင်အသစ်တွေက အပင်ခြေရင်းကနေ စထွက်တာမို့ အပင်အခြေကို အကုန်မဖုံးဖိမိစေနဲ့ ... အပင်ဖုံးရုံလေးနဲ့ အပင်ထွက်ပေါက်လေးတွေချန်ပြီးစိုက်ပေးပ ...
- အရိပ်ကိုကြိုက်တယ် ... ရေကြိုက်တယ် ... အပင်သစ်ထွက်မြန်ပါတယ် ... လောလောဆယ် စိုက်ထားကြတဲ့ ကျောက်သစ်ခွလေးတွေက မှိုရောဂါဖြစ်ပြီး မဲနေပြီဆိုရင် မဲနေတဲ့အပိုင်းလေးကိုဖြတ်ပြီး ထုံးလေးသုပ်ပြီးရင် အုံးစံဖတ်နဲ့မီးသွေးအကြေလေးနဲ့ ပြောင်းစိုက်ပါ ခင်ဗျာ ...
- မှိုဆေးလေးလည်းဖြန်းဖို့ မမေ့နဲ့ခင်ဗျာ .....
# Dr . Orchid